img
img

ADB Scholarship Program for Thailand’s Universities


ဘွဲ့လွန်ကျောင်းသားတွေအတွက် နှစ်စဥ်နှစ်တိုင်းကမ္ဘာအဝှမ်းကနာမည်ကြီး တက္ကသိုလ်တွေမှာ ပညာအခွင့်အလမ်းတွေယူနိုင်ဖို့ကမ်းလှမ်းပေးနေကြဖြစ်တဲ့ Asian Development Bank Scholarship လေးကို မိတ်ဆက်ပေးချင်ပါတယ် ခင်ဗျား။

Asian Development Bank ဆိုတာကတော့ 1966 မှာစတင်တည်ထောင်ခဲ့ပြီးတော့ အာရှတစ်ဝှမ်းက ဆင်းရဲမှုလျှော့ချရေးနဲ့ စီးပွားရေးဆိုင်ရာတိုးတက်မှုတွေလုပ်ဆောင်ဖို့အတွက် ဖွံဖြိုးဆဲနိုင်ငံတွေက ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားတွေအတွက် Japan, Hong Kong, Philippines, New Zealand, China, India, Pakistan, Singapore, Thailand, USA စတဲ့နိုင်ငံတွေက နာမည်ကြီးတက္ကသိုလ်တွေမှာ တက်ရောက်နိုင်ဖို့ နှစ်စဥ် Fully-funded Scholarship တွေကိုကမ်းလှမ်းပေးနေတာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ Postgraduate Students တွေအတွက်ထိုင်းနိုင်ငံရဲ့ ကျောင်းတွေမှာ တက်ရောက်လို့ရမဲ့ Scholarship အခွင့်အလမ်းလေးကိုပြောပြ မှာပဲဖြစ်ပါတယ်။

ADB Scholarship နဲ့ ဘယ်လိုဘာသာရပ်တွေကိုတက်ရောက်နိုင်မလဲ ?

အဓိကအားဖြင့် ADB Scholarship နဲ့လက်ခံတဲ့ထိုင်းနိုင်ငံရဲ့ကျောင်းတွေမှာ Major နယ်ပယ်တွေအဖြစ် -

Master of Sciences or Engineering in school of Engineering and Technology
School of Environment, Resources and Development (SERD)
Interdisciplinary courses among school
School of Management(SOM)
Master in engineering
Master in economics
တက်ရောက်နိုင်မဲ့ ကျောင်းတွေကတော့ Asia Institute Of Technology and Thammasat University တို့ပဲဖြစ်ပါတယ်။

သက်ဆိုင်ရာကျောင်းတစ်ခုချင်းစီတိုင်းမှာ နယ်ပယ်တစ်ခုချင်းစီရဲ့ Major အခွဲတွေရှိပါသေးတယ်။

Benefits of ADB Scholarship
=====

Full tuition fees
Traveling Allowances
Monthly subsistence allowances
Housing allowance
Books and other study material allowance
Medical Insurance
Special research grant for research scholars
Computer literacy, preparatory language and other similar courses can also be covered

Eligibility Criteria of Scholarship တွေကတော့ -

ADB Supported List ထဲမှာပါတဲ့ နိုင်ငံသားဖြစ်ရပါမယ် ဖွံဖြိုးပြီးသားနိုင်ငံက နိုင်ငံသားမဖြစ်ရပါဘူး Dual Citizenship ကိုင်ဆောင်ထားတဲ့သူမဖြစ်ရပါဘူး ကျန်းမာရေးကောင်းမွန်ရပါမယ် Bachelor Degree ကိုင်ဆောင်ထားသူဖြစ်ရပါမယ် ဘွဲ့ရပြီးတဲ့အချိန်ကစပြီး အနည်းဆုံးအလုပ်အတွေ့အကြုံ (၂) နှစ်ရှိထားသူဖြစ်ရပါမယ် အသက် (၃၅) နှစ်အောက်ရှိတဲ့သူဖြစ်ရပါမယ် ABD နဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းမှာအလုပ်လုပ်နေတဲ့ဖြစ်လို့မရပါဘူး ADB-JSP နဲ့သက်ဆိုင်တဲ့ Institution တွေမှာအလုပ်လုပ်နေတဲ့သူလည်းမဖြစ်ရပါဘူး Graduate Program တွေမှာတက်ရောက်နေဆဲဖြစ်လို့မရပါဘူး

ဘယ်လိုလျှောက်ထားရမလဲ ?

ကိုယ်တက်ရောက်မယ့် University ကိုအရင်ဆုံးရှာဖွေဆုံးဖြတ်ပြီးတော့ သက်ဆိုင်ရာကျောင်းရဲ့ Application Form ကိုယူပြီး၊ Personal details, Academic record, Professional history နဲ့ ယခင်အလုပ်ရဲ့ References တွေကိုပူးတွဲပြီးတော့ ပြည့်ပြည့်စုံစုံဖြည့်ပေးရပါမယ်။

နောက်ပြီး ကိုယ်ယူလိုက်တဲ့ ဘာသာရပ်ကို ဘာကြောင့်ယူရခြင်းဖြစ်လဲဆိုတာကိုလည်း ထည့်ရေးပေးရပါမယ်။ နောက်ဆုံးအနေနဲ့ ဒီဘာသာရပ်နဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့ Interest တွေကိုလည်းပူးတွဲဖော်ပြပြီးတော့ သက်ဆိုင်ရာကျောင်းရဲ့ Application Portal ကနေတစ်ဆင့်လျှောက်ထားနိုင်ပါတယ် ။

Application Deadline : On going အသေးစိတ် သိချင်တယ်ဆိုရင်တော့ ယခုlink မှတစ်ဆင့်၀င် ရောက်ကြည့်ရူနိုင်ပါတယ်။

Comments

Study Abroad အတွက် သီးသန့်တိုင်ပင်ဆွေးနွေးရန်

Education Consultant နှင့် အချိန်အောက်တွင် Book လုပ်ပေးပါ